top of page

ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Aug 28, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊ သြဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဩဂုတ်၂၄ရက်နေ့ကတည်းက တိုက်ပွဲတစ်ကျော့ပြန်လည် ပြင်းထန်နေပြီး၊ လက်ရှိအချိန်ထိ ဆက်တိုက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။


KIA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ ဩဂုတ်လ ၂၄ရက်နေ့တွင် စစ်ကောင်စီ၏ တင့်ကားတပ်ရင်းနှင့် ခလရ(၂၃၆) တပ်ရင်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ဩဂုတ်၂၅ရက်နေ့မှာ စစ်တပ်က ဒရုန်းများအသုံးပြုကာ ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။


လက်ရှိ ဗန်းမော်မြို့တွင် စကခ(၂၁)တပ်ရင်း၊ အမြောက်တပ်ရင်း (၃၃၆)တပ်အနီး ပတ်ဝန်းကျင်၊ လေဆိပ်အနီးနှင့် မြို့တွင်းအချို့နေရာများတွင် တိုက်ပွဲနေ့စဉ် ပြင်းထန်နေကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် ဗန်းမော်တွင်သာမက ဖားကန့်ဒေသဘက်တွင်လည်း စစ်အင်အား လက်နက်ခဲယမ်းများ ဖြည့်တင်းကာ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်းနှင့် ကချင်ပြည်နယ် ဗန်းမော်တွင်သာမက ဖားကန့်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တွင် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ရမ်းတန်းပစ်ခတ်နေသောကြောင့် ပြည်သူများနှင့် နေအိမ်အဆောက်အအုံများ များစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page