top of page

ဗန်းမော်တိုက်ပွဲ နေ့စဥ်ပြင်းထန်နေ

  • Writer: Pajau Media
    Pajau Media
  • Nov 8
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ နို၀င်ဘာ၊ ၂၀၂၅။


ree

ဗန်းမော်တိုက်ပွဲက နို၀င်ဘာလတွင် ၁၁လကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ နေ့စဥ်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။


နို၀င်ဘာ ၇ရက်နေ့ထိ ခလရ ၄၇တပ်၊ ၃မိုင်၊ နမ့်ဖား၊ တာမိုင်းလုန်နှင့် ဗန်းနော်တက္ကသိုလ်၀န်းကျင်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မြေပြင်ဖြင့်လည်း စစ်ကြောင်းထိုးတိုက်ခိုက်နေကြောင်း သိရသည်။


တိိုက်ပွဲမှာ နေ့စဥ်ပြင်းထန်နေရာ စစ်ကောင်စီမှလည်း ပြန်လည်သိမ်းပိုက်ခြင်း မရှိသလို KIAပူးပေါင်းတပ်ဖွဲ့မှလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းနှင့် သိမ်းပိုက်ထားသည့် တပ်စခန်းများလက်လွတ်ခြင်း မရှိကြောင်း သိရသည်။


တရုတ်နှင့် KIOတွေ့ဆုံပြီးနောက် ဗန်းမော်တိုက်ပွဲ ငြိမ်သက်သွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လက်တွေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲနှင့် စစ်ရေးမှာ ပြင်းထန်နေဆဲဖြစ်သည်။


စစ်ကောင်စီက ဗန်းမော်လက်မလွတ်ရေး ရေကြောင်းဖြင့် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်လက်နက်၊ စစ်အင်အားဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီးနောက် လေယာဥ်၊ ဒရုန်းများဖြင့် တိုက်ခိုက်သောကြောင့် KIAက အချို့တပ်စခန်းများလက်လွှတ်ခဲ့ရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page