top of page

ဗန်းမော်တိုက်ပွဲ ယနေ့ပြန်လည်စတင်

  • Writer: Pajau Media
    Pajau Media
  • Dec 25, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။


KIAအမှတ်(၃)တပ်မဟာ၊ ဗန်းမော်ဒေသတွင် ယနေ့ဒီဇင်ဘာ၂၅ရက်နေ့မှစ၍ တိုက်ပွဲ တစ်ဖန်ပြင်းထန်လာကြောင်း သိရသည်။


ဒီဇင်ဘာ၂၅ရက်နေ့မှစ၍ ဗန်းမော်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ပြန်လည်ရယူနိုင်ရန် KIAပူးပေါင်းတပ်ဖွဲ့များမှ ထိိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိတွေ့တိုက်ပွဲပြင်းထန်နေရာ စစ်ကောင်စီဘက်မှလည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြန်လည်ခုခံနေပြီး၊ KIAမှလည်း တိုက်ခိုက်နေဆဲဖြစ်သည်။


ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ဗန်းမော်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားလာသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်သည့်အပြင် KIAဘက်မှ စကစတပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page