top of page

ဗန်းမော်ဒေသ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး တပ်စခန်းအချို့ သိမ်းပိုက်နိုင်

  • Writer: Pajau Media
    Pajau Media
  • Oct 11
  • 1 min read

ပါဂျောင်မီဒီယာ

၁၁ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ဗန်းမော်ဒေသတွင် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များက ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းနှင့် တပ်စခန်းအချို့ ပြန်လည်သိမ်းပိုက်နိုင်ကြောင်း သိရသည်။


အောက်တိုဘာ ၁၀ရက် နံနက် ၅နာရီကတည်းက ဗန်းမော်ဒေသတွင် KIAနှင့် စစ်ကောင်စီတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီများ နေရာယူထားသည့် တပ်စခန်းအချို့ကို KIAက ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။


ထို့အပြင် အောက်တိုဘာ ၉ရက်နေ့တွင်လည်း ဗန်းမော် ၂မိုင်နှင့် ၃မိုင်ကျေးရွာက စစ်တပ်စခန်း (၃)နေရာတို့ကို KIAပူးပေါင်းတပ်ဖွဲ့များ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရယူထားသည်။


တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ဒေသတွင် စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်နေသလို KIAတပ်ပေါင်းစုမှလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။


အလားတူ ဖားကန့်ဒေသ မလန်းကျေးရွာအနီး ဝန်းကျင်တွင်လည်း အောက်တိုဘာ ၁၀ရက်နေ့ နံနက် ၈နာရီအချိန်ခန့် စစ်တပ်က Y-12လေယာဉ်ဖြင့် အကြိမ်(၃၀)ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page