ဗန်းမော်ဒေသမှ စစ်တပ်စခန်း၃နေရာကို KIA ပြန်သိမ်း
- Pajau Media

- Oct 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်ဒေသမှ စစ်တပ်စခန်း၃နေရာကို KIAပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက် ရရှိထားပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၉ရက် နံနက် ၅နာရီ ၃၀မိနစ်ခန့်တွင် စစ်တပ်နေရာယူထားသည့် ၂မိုင်နှင့် ၃မိုင်ကျေးရွာက နေရာ(၃)ခုကို KIAပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
အဆိုပါနေရာ(၃)ခုမှာ KIAပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားပြီးနောက် စစ်တပ်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောကြောင့် လက်လွတ်ခဲ့ရသည့်နေရာကို ယနေ့နံနက်တွင် တစ်ဖန်ပြန်လည် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၉ရက် နေ့လည် ၁၂နာရီ၀န်းကျင်ချိန်တွင်လည်း ဖားကန့်ဒေသ မလန်းတုံကျေးရွာတွင် စစ်တပ်က လေယာဥ်ဗုံးဖြင့် ၂ကြိမ် လာရောက်ပစ်ခတ်ခဲ့ရာ ထိခိုက်သူများရှိနေကြောင်း သိရသည်။
သတင်း - ထုဆိုင်း




Comments