top of page

ဗန်းမော်ဒေသမှ စစ်ရှောင်များ ယခင်ထက် ပိုမိုခက်ခဲလာ

  • Writer: Pajau Media
    Pajau Media
  • Feb 18
  • 1 min read

ပါဂျောင်မီဒီယာ

၁၈ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၅။




ကချင်ပြည်နယ်၊ ဗန်းမော်-မိုးမောက်-မံစီဒေသမှ စစ်ပြေးရှောင်ပြည်သူများ ယခင်ထက် ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်များ ပြောပြချက်အရ သိရသည်။


ဗန်းမော်ဒေသ ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲ အခြေအနေတွင် ဒေသခံပြည်သူများမှာ စစ်ပြေးတိမ်းရှောင်နေတာ နှစ်လကျော်ကြာမြင့်လာသောကြောင့် နေရာထိုင်ခင်းများ၊ အစားအသောက်များ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ယခင်ကထက် ပိုမိုခက်ခဲလာနေသလို ရှာဖွေစားသောက်ရန်လည်း အဘက်ဘက်မှ ခက်ခဲလာကြောင်း စစ်ရှောင်များ ပြောသည်။


မံစီမြို့၊ မန်ဝိန်းကြီးဒေသမှ စစ်ရှောင်အိမ်ခြေ(၈၀၀)ကျော်အတွက်လည်း နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဆေးဝါးပစ္စည်း အခက်အခဲအပြင် ရေအလုံအလောက်မရရှိခြင်း၊ ရေရှားပါးမှုများပါ ခက်ခဲလာသည်ဟု ဆိုသည်။


စစ်ရှောင်များမှာ အထောက်အပံ့အကူအညီများ မရသည့်အပြင် အလုပ်လုပ်ကိုင်ရန် ခက်ခဲမှု၊ နေရာအသီးသီးတိုက်ပွဲများဖြစ်ပွားနေမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ပေါ်တာဆွဲခေါ်မှုများကြောင့် ငွေကြေးခက်ခဲမှုများပါ ရင်ဆိုင်နေရသည်ဟု ဆိုသည်။


လက်ရှိ စစ်ရှောင်များမှာ KIOထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယာန်၊ လိုင်ဇာ၊ အင်ဘာပါနှင့် မိုးမောက်-မံစီဒေသမှ တိုက်ပွဲမဖြစ်သည့် အချို့နေရာများတွင် အများဆုံး ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။ အချို့မှာ တောတောင်ဒေသ၌ တိမ်းရှောင်နေသူများလည်း ရှိကြောင်း သိရသည်။


ဗန်းမော်ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ နှစ်ဖက်စစ်ရေး တင်းမာနေဆဲဖြစ်ကြောင်း သိရသည်။


အဆိုပါတိုက်ပွဲတွင် စစ်တပ်က လေယာဉ်ဖြင့် အစာလာရောက်ပို့ချခြင်း၊ စစ်အင်အားထပ်တိုးမြင့်ခြင်းများ နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page