top of page

ဗန်းမော်မြို့မှ စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်း၊ဆေးဝါး၊စားနှပ်ရိက္ခာနှင့်အဝတ်အထည်များလိုအပ်လျှက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Dec 24, 2024
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဒီဇင်ဘာ၊၂၀၂၄။




KIAပူးပေါင်းတပ်ဖွဲ့၏ ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်ပြည်သူများအတွက် နေအိမ်၊ ဆေးဝါးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ လိုအပ်နေကြောင်းသိရသည်။


ဒီဇင်ဘာ(၄)ရက်မှ စတင်လာသည့် မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမော်မြို့မှ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် KIO၏လွတ်မြောက်နယ်မြေ ဖြစ်လာသော မိုးမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်နေကြသည့်အပြင် အချို့မှာကျေးရွာအတွင်းရှိ အိမ်ထောင်စု လူဦးရေနည်းသည့်အိမ်များတွင် နေထိုင်နေရကြောင်းလည်းသိရသည်။


တိုက်ပွဲကြောင့် ကိုယ်လွှတ်ရုန်းထွက်ပြေးလာရသည့်အတွက် အိမ်သုံးပစ္စည်းနှင့်စောင်များလည်းလုံလောက်စွာမပါသဖြင့် ခက်ခဲနေခြင်းဖြစ်ပြီး ဆောင်းရာသီဖြစ်သည့်အတွက် စခန်းအတွင်း ဖျားနာသူများလည်းရှိနေပြီး ဆေးဝါး၊ အနွေးထည်များ၊ စောင်များနှင့်အခြားအိမ်အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည့်အပြင် သောက်သုံးရေများလည်းလိုအပ်နေကြောင်း ဒေါ့ဖုန်းယန်မှစစ်ရှောင်ပြည်သူများကပြောသည်။


လက်ရှိ ‌ဒေါ့ဖုန်းယန်တွင် ဗန်းမော်တိုက်ပွဲ ကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ ၂,၈၀၀ ကျော်ရှိသည့်အပြင် မိုးမောက်မြို့နယ်မှ KIO အစိုးရ၏ လွှတ်မြောက်နယ်မြေဖြစ်လာသည့် ဒေသများအတွင်း တိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူဦးရေ ၁၁၀၀၀ ကျော်လာပြီဖြစ်ကြောင်း ၂၀၂၄ ၊ ဒီဇင်ဘာ ၁၉ ရက်အထိပြုစုထားသော စာရင်းများအရသိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page