ဗန်းမော်မြို့ရှိ ရွှေလုပ်ကွက်နေရာများဖြစ်သည့် မိုင်းကာနှင့် မိုးစိမ်းကျွန်းရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့
- Pajau Media

- Dec 3, 2025
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရွှေလုပ်ကွက်နေရာများဖြစ်သည့် မိုင်းကာနှင့် မိုးစိမ်းကျွန်းရွာများတွင် စစ်ကောင်စီက လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးခန့်ရှိခဲ့ကြောင်း Banmaw Scout Team မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုသည် မိုင်းကာရွာအနောက်ဘက် ဧရာ၀တီမြစ်ကမ်းအနီး ရွှေလုပ်ကွက်အနီးတွင် လာရောက်ပစ်ခတ်တိုက်ခိုက်သောကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသူများကို အရေးပေါ်ဆေးရုံကားများဖြင့် လိုင်ဇာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ်ရှိ ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် ဝိုင်းမော်-လမြန် နေရာများတွင် နိဝင်ဘာလကုန်ပိုင်းအချိန်မှစပြိး တစ်ဖန်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments