ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်နှစ်ကြာသည်အထိ မငြိမ်သက်သေးဘဲ ဆက်လက်ပြင်းထန်နေ
- Pajau Media

- Dec 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

၂၀၂၄ ဒီဇင်ဘာလ ၄ရက် ကနေစတင်ခဲ့တဲ့ ကချင်လွပ်လပ်ရေးတပ်မတော်ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ဒီနေ့ဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီးပဲဖြစ်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်က ဦးဆောင်ကာ ဒေသတွင်း PDFတပ်ဖွဲ့တွေ၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနှင့် ပူပေါင်းတိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမော်မြို့နဲ့ မံစီမြို့ နှစ်မြို့စလုံးကို တပြိုင်နှက်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပြီး မံစီမြို့ကိုတော့ ၂၀၂၅ ဇန်နဝါရီ ၁၈ ရက်တွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ဗန်းမော်မြို့ကိုတော့ လက်ရှိချိန်ထိ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိသေးဘဲ စစ်ရေးဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်ကလည်း ဗန်းမော်မြို့မကျရေးကို လက်နက်အင်အား၊ လူအင်အား အများအပြားသုံးကာ ခုခံတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
စစ်ကော်မရှင် အသုံးပြုတဲ့ လက်နက်တွေထဲမှာ သံချပ်ကာယာဥ်၊ တိုက်ခိုက်ရေး လေယာဥ်အမျိုးမျိုးတွေအပြင်၊ အဆင့်မြင့် ညဘက်မြင် ကင်မရာပါတဲ့ ဒရုန်း၊ စောင့်ကြည့်ရေးဒရုန်း၊ တိုက်ခိုက်ရေးဒရုန်း၊ အသေခံဒရုန်းတွေနှင့် ဂျမ်မာအမျိုးမျိုးတို့ကို အသုံးပြုကာ ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။
စစ်ကော်မရှင်ဘက်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေတာဖြစ်ပြီး မေလ (၂၀) ရက်နေ့တွင် လက်နက်ရိက္ခာလာပို့ သည့် Mi 17 ရဟတ်ယာဥ် နှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကော်မရှင်ရဲ့ သံချပ်ကာတပ်ရင်း (၇၀၀၆)၊ အမြောက်တပ် အမတ(၃၆၆)၊ လေတပ် စခန်း၊ ခလရ(၂၃၆) တို့နဲ့ တပ်စခန်းအများအပြားတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိချိန်တွေ ဗန်းမော်မြို့ရဲ့ နေရာ အများစုကိုတော့ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသေးတဲ့ စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် စကခ(၂၁)၊ ခလရ(၄၇) နဲ့ ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
သတင်း - ဇော်




Comments