ဗန်းမော်မြို့သိမ်းတိုက်ပွဲ တစ်ဖန်ပြန်လည် ပြင်းထန်လာ
- Pajau Media

- Jan 14
- 1 min read
ပါဂျောင်မီဒီယာ
၁၄ရက်၊ဇန္နဝါရီ၊၂၀၂၆။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIAနှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ ယနေ့ ဇန္နဝါရီ ၁၄ ရက်နေ့မှစ၍ တစ်ဖန်ပြန်လည် ပြင်းထန်လာကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီဝန်းကျင်ကတည်းက ဗန်းမော်ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များက တစ်ဖန်ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ထိတွေ့တိုက်ပွဲမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့မှစ၍ ဗန်းမော်ဒေသဘက် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ခြင်းဖြင့် တစ်ဖန်တိုက်ခိုက်လာခြင်း ဖြစ်ပြီး၊ လက်ရှိချိန်ထိ ဆက်တိုက်ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်စခန်းမှလည်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် နည်းလမ်းမျိုးစုံသုံးကာ ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး၊ KIA မှ တပ်စခန်းအများစုအား တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သော်လည်း အလုံးစုံ သိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ပွဲ ဝင်နေဆဲဖြစ်သလို စစ်ရေးမှာ အပြန်အလှန် တင်းမာနေကြသည်။
သတင်း - ထုဆိုင်း




Comments