top of page

ဗန်းမော်၊ ဝိုင်းမော်-လမြန်၊ ဖားကန့်နှင့် စစ်ကိုင်း-ကချင်အစပ် ဗန်းမောက်စစ်မျက်နာများတွင် နေ့စဉ်စစ်ရေးတင်းမာနေဆဲ

  • Writer: Pajau Media
    Pajau Media
  • Oct 14
  • 1 min read

ပါဂျောင်မီဒီယာ

၁၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်-လမြန်၊ ဖားကန့်နှင့် စစ်ကိုင်း-ကချင်အစပ် ဗန်းမောက်စစ်မျက်နာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အပြန်အလှန် စစ်ရေးတင်းမာနေကြသလို နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်နေကြဆဲ ဖြစ်သည်။


ဗန်းမော်ဒေသ ခွန်သာကျေးရွာဘက်တွင် ယမန်နေ့ အောက်တိုဘာ ၁၃ရက် နံနက် ၅နာရီ ၃၀မိနစ်အချိန်ကတည်းက စစ်ကောင်စီတပ်ဖွဲ့များကို KIAပူးပေါင်းတပ်ဖွဲ့များမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားသည့်နေရာ ဝန်းကျင်အတွင်း စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးလာရောက်ပစ်ခတ် တိုက်ခိုက်ကူမှုများ ပြုလုပ်ခဲ့ကြပြီး၊ Gunshipစက်သေနတ်ဖြင့်လည်း တရစပ်ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။


ဗန်းမော်စစ်မျက်နာဘက်ကို KIAက စက်တင်ဘာလကုန်ချိန်ကတည်းက စစ်တပ်နေရာယူထားသည့် နေရာများသို့ တစ်ဖန်ပြန်လည် တိုက်ခိုက်ခဲ့ရာ တပ်စခန်းအချို့ကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။


အလားတူ ဖားကန့်စစ်မျက်နာဘက်တွင်လည်း အောက်တိုဘာလဆန်းကတည်းက စစ်ကောင်စီဘက်မှ စစ်ကြောင်းလှုပ်ရှားမှုများ တိုးမြင့်လာသည့်အပြင် မြေပြင်တိုက်ပွဲအတိုင်း လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါး ပြုလုပ်နေသည်။


ထို့အပြင် ဝိုင်းမော်-လမြန်စစ်မျက်နာဘက်လည်း စစ်ကောင်စီက စစ်ကြောင်းတိုးလာသောကြောင့် ခုခံတိုက်ခိုက်မှု တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်ပတ်အတွင်း ထိတွေ့တိုက်ပွဲ (၃)ကြိမ်ထိ ရှိခဲ့ကြောင်းနှင့် စစ်ကိုင်း-ကချင်အစပ် ဗန်းမောက်စစ်မျက်နာဘက်ကိုလည်း စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့စဉ်စစ်ရေး တင်းမာနေကြဆဲဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page