မိုးကောင်းမြို့တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ
- Pajau Media

- Sep 24, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။

မိုးကောင်းမြို့နယ်ရှိ (၈)မိုင်ကျေးရွာမှ အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၂၃ရက်နေ့က နွားပျောက်ရှာဖွေရာမှ ရာဘာခြံတွင် မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ ပြောသည်။
"ရွာနားက ရာဘာခြံနားမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နှင်းမိတာ၊ ဘယ်ဖက်ခြေထောက်က အခြေအနေ တော်တော်ဆိုးတယ်၊ တကိုယ်လုံးလည်း မိုင်းစတွေ မှန်ထားတာ" ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးမှ ပြောသည်။
ထိခိုက်ဒါဏ်ရာ ရရှိခဲ့သူသည် အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သွေးပေါင်များထိုးကျတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမို့ မိုးကောင်းဆေးရုံမှ မြစ်ကြီးနား ဆေးရုံသို့ လွဲပြောင်းကုသနေရကြောင်း သိရပါသည်။
၂၀၂၃ ဇူလိုင်လတွင်လည်း မိုးကောင်းတောင်ဘုရားခြေရင်း စစ်တပ်အနီးတွင် အသက်(၁၄)နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရသည့် ဖြစ်စဥ်ရှိခဲ့သည်။
မိုးကောင်းမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KPDF) အချို့လှုပ်ရှားမှုရှိပြီး ရှမ်းနီအမျိုးသားလွတ်လပ် ရေးတပ်မတော် (SNA) တို့စိုးမိုးမှုလည်း ရှိနေသည်။
သတင်း - ကချင်ပြည်သား




Comments