မောင်နှမနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်၊ အမဖြစ်သူ သေဆုံး
- Pajau Media

- Sep 8, 2025
- 1 min read
ပါဂျောင်မီဒီယာ
၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ ည(၁၀)နာရီခန့်အချိန်တွင် မောင်နှမနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး အမဖြစ်သူမှာ ဓားဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရမ်ပူရပ်ကွက် နယ်မြေ(၁၃)တွင် ညအချိန်အခါ မောင်နှမ နှစ်ဦးစကားများ ရန်ဖြစ်ကြရာမှ မောင်ဖြစ်သူမှာ အမဖြစ်သူကို ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး အမဖြစ်သူမှာ ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
သေဆုံးသူအမျိုးသမီးမှာ အသက်(၄၀)ခန့်အရွယ်ရှိပြီး ဝမ်းဗိုက်၊ လက်မောင်းနှင့် လည်ပင်းနေရာများတွင် ဓားဒဏ်ချက်များဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကာ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ဖြစ်သူကို ရပ်ကွက်တာဝန်ရှိသူများမှ နယ်မြေရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့များမှ စစ်ဆေးမေးမြန်းပြီး အရေးယူထားကြောင်း သိရသည်။
သတင်း - ဖရိန်း
Photo credit to Owner










Comments