top of page

မြစ်ကြီးနား-စစ်ကိုင်းသွားလမ်းမှ ခရီးသွားများ၏ အခက်အခဲ

  • Writer: Pajau Media
    Pajau Media
  • Aug 28, 2025
  • 1 min read

Updated: Aug 29, 2025

ပါဂျောင်မီဒီယာ

၂၈ရက်၊ ဩဂုတ်၊ ၂၀၂၅။



ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းထဲ ခရီးသွားရသည့် ပြည်သူများ၏ အခြေအနေကို ကားသမား(၄)ဦးမှ ယခုကဲ့သို့ ဖြေကြားထားသည်။


ကားသမား(၁) ။ ။ ၁/တွေ စစ်ကိုင်းတိုင်းထဲသွားရင် KIAက စုဆောင်းရေးဆွဲတယ်။ ရှောင်တခင်‌ဆွဲတာမို့ လမ်းကြောကို စုံစမ်းပြီးသွားလဲ သူတို့ဆွဲတဲ့အချိန်နဲ့ကြုံရင်ပါတာဘဲ။ ဇူလိုင် ၅ရက်နေ့ နေ့လည်(၁၁)နာရီမှာ မော်လူးနဲ့အင်းတော်အစပ်ကြားမှာ ဝိုင်းမော်က အသက်၁၇နှစ်ဘဲရှိသေးတဲ့ ၁/ကချင်မလေးတ‌‌စ်ယောက်ဆွဲခံရတယ်။ နှစ်ဖက်လက်နက်ကိုင်တွေရဲ့ ထိတွေ့တိုက်ပွဲနဲ့တိုးရင် လူသားဒိုင်းအနေနဲ့ စကစက အသုံးချတာကြုံခဲ့ဖူးတယ်။ KPDF တွေကို စီယာတိုင်ကိုင်ထားတဲ့ ကျုပ်လက်မောင်းပေါ်ကနေ ကာပစ်တာ ကျည်ခွံတောင် ပေါင်ကြားထဲမှာ အပုံလိုက်ဘဲ ။ မသေတာကံကောင်းဗျာ။


ကားသမား(၂) ။ ။ ၅/တွေ ကချင်ပြည်နယ်တက်လာရင် စကစဂိတ်တွေက စစ်ဆေးမေးမြန်းပြီး ဒါဏ်ရိုက်တယ်။ ဒါဏ်ကြေးက (၃၀၀၀၀)ပေးရတယ်။ ဖုန်းထဲက ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့ ဓါတ်ပုံ တွေကိုစစ်တယ်၊ မသင်္ကာရင် ဖမ်းတယ်။ နန့်စီးအောင်ဂိတ်၊ ပင်းဘောဂိတ်၊ မိုးကောင်းတိုင်းရင်းဆေးရုံဂိတ်၊ ၂၁မိုင်ဂိတ်တွေမှာ မှတ်ပုံတင်ကို Tabletထဲ မှတ်ပုံတင် နံပါတ်ရိုက်ထည့်ပြီးစစ်တယ်၊ CDMနံပါတ်ကျပြီးသားတွေဆို တစ်ခါထဲ ဆွဲစိဘဲ၊ နန့်စီးအောင်ဂိတ်မှာ အမျိုးသားတစ်ယောက်ရဲ့ မှတ်ပုံတင်နံပါတ်ကို Tabletထဲ ထည့်စစ်တာ ပစ်မှုဟောင်းရှိတာ အချက်ပြလို့ ကားပေါ်ကနေ ဆွဲချခံရတယ်။


ကားသမား(၃) ။ ။ စစ်ကိုင်း-ဝက်လက် ခရိုင်ချင်းဆက်လမ်းက တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံမှာ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ခရီးသွားယာဉ်တန်းကို ဩဂုတ်လ ၄ရက်နေ့မှာ စကစလေယာဉ်နဲ့ ဗုံးကျဲတော့ ခရီးသွားပြည်သူ ၁၆ယောက်သေပြီး မိုးညှင်းမြို့နယ် ဟိုပင်မြို့က အသက်၂၃နှစ်အရွယ် ကားသမား တစ်ဦးသေသွားတယ်။ ဟိုပင်က ကားသမားဟာ အိမ်ထောင်သည်ဖြစ်တာမို့ ၃နှစ်အရွယ်ကလေးတစ်ယောက် ကျန်ထားခဲ့တယ်။ ဗုံးကျဲလို့ သေဆုံးသွားတဲ့လူတွေကို ကားသမားတွေကဘဲ သဂြိုလ် ပေးလိုက်ရတယ်။ သဂြိုလ်ပြီးမှ မိသားစုကို အကြောင်းကြားလိုက်ရတယ်။ တောင်ရင်းရွာမှာ ဩဂုတ်လ၂ရက်နေ့ကထဲက ပိတ်မိနေတာဆိုတော့ တစ်လနီးပါးရှီပြီ။ ဆီကားတွေကို စကစလေယာဉ်က ပစ်မှတ်ထားပြီး ဗုံးကျဲတာဆိုတော့ ဆီကားတွေတက်လာရင်ကို ကြောက်နေရတယ်။


ကားသမား(၄) ။ ။ မြစ်ကြီးနား-မိုးညှင်းလမ်း နမ္မားနန်းခမ်းရွာမှာ စကစနဲ့ KPDFတွေ ထိတွေ့တိုက်ပွဲဖြစ်တော့ နမ္မားအမြောက်တပ်က လက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေတာ ပြည်သူ(၅)ဦး ထိခိုက်ဒါဏ်ရာရတယ်။ နန့်စလော်ရွာက CDM ဝင်ထားတဲ့ ကျောင်းဆရာမ မနှင်းဝတ်ရည်ထွန်းကို ရှာမတွေ့လို့ သူမအိမ်ကို မီးရှို့သွားတယ်။ တစ်အိမ်လုံးပြာကျရောဘဲ၊ စကစက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေလို့ နန့်စလော်ရွာ တစ်ရွာလုံး စစ်ဘေးရှောင်နေရတယ်။ နန့်စ‌လော်ရွာအဝင်က ပြည်သူတွေရဲ့နေအိမ်မှာ တပ်မ(၃၃)က စစ်သားတွေ တပ်ထိုင်ထားပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေလို့ ရွာကနေ ဂိတ်ကိုဖြတ်ပြီး နမ္မားဖက်တောင် မသွားရဲကြဘူး။ ဆေးရုံဆေးခန်းသွားဖို့တောင် ခက်တယ်။


လက်ရှိ ကချင်ပြည်နယ် ဗန်းမော်၊ ဖားကန့်နှင့် ဝိုင်းမော်ဒေသတို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး၊ စစ်တပ်က လက်နက်ကြီးအပြင် လေယာဉ်ဗုံး၊ ဒရုန်းဗုံးများဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။


အလားတူ ဖားကန့်ဒေသမှာတော့ နေ့စဉ်ဆက်တိုက် ဖားကန့်ဗျူဟာကုန်းမှ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသသို့ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page