မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်
- Pajau Media

- Oct 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့် မြို့နယ်တို့ကို ည ၁ဝးဝဝ နာရီမှ နံနက် ၄း၀၀ နာရီအတွင်း ညမထွက်ရအမိန့်ကို ယမန်နေ့က ထုတ်ပြန်ထားသည်။
ထို့အပြင် လူ(၅)ဦးအထက် စုပြုံကာ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျဥ်နှင့် အများပြည်သူပိုင် နေရာများတွင် နေထိုင်ခြင်းကိုလည်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
အဆိုပါ ညမထွက်ရအမိန့် ထုတ်ပြန်မှုမှာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်သည်ဟု ဆိုသည်။
သတင်း - ထုဆိုင်း










Comments