top of page

မြစ်ကြီးနား-ပူတာအိုကားလမ်း အဆင်းကားများကိုသာ ဖွင့်ပေး

  • Writer: Pajau Media
    Pajau Media
  • Oct 27
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


ree

မြစ်ကြီးနား ပူတာအိုလမ်းပိုင်းကို ပြန်ဖွင့်သော်လည်း အဆင်းကားတွေကိုသာ ခွင့်ပြုပြီး အတက်ကားတွေကိုတော့ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တို ၂၃ ရက်နေ့ အလာမ်အုပ်စု လမုန်ဇွပ် စစ်ကော်မရှင်ဂိတ်မှာ ပိတ်ထားတဲ့ဂိတ်ကို ဒီနေ့ ၂၇ရက် မနက်ပိုင်းတွေ ပြန်လည်ဖွင့်လှစ်သော်လည်း အဆင်းကားများသာ ခွင့်ပြုထားကြောင်းသိရပါတယ်။


မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းဟာ စစ်ကော်မရှင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးအခြေအနေကြောင့် မကြာခဏ ပိတ်ခံရတဲ့လမ်းပိုင်း ဖြစ်ပါတယ်။


လမ်းပိတ်မှုကြောင့် ကုန်းဈေးနှုန်းနဲ့ စက်သုံးဆီတွေ အဆမတန်ဈေးမြင့်မှုတွေကို ဒေသခံတွေခံစားခဲ့ရပြီး ယခင်နှစ် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် မတ်လကနေ သုံးလခန့် လမ်းပိတ်ထားခဲ့ရပြီး လယ်ထွန်ရန် စက်သုံးဆီများ ပြတ်လတ်ကာ ဒုက္ခရောက်ခဲ့ရပါတယ်။


အခုလည်း လယ်တွရိတ်သိမ်းချိန် နီးလာပြီဖြစ်လို့ လမ်းကြာရှည်ပိတ်မှုကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရပါတယ်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page