top of page

မြစ်ကြီးနား-ဖားကန့်လမ်းတစ်လျှောက် စကစမှ နေရာယူတပ်စွဲထားသောကြောင့် ဒေသခံများ နေရပ်ရင်းပြန်ရန် ခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • Jan 12
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ဇန္နဝါရီ၊၂၀၂၆။


ဖားကန့်လမ်းဖြစ်သည့် နန့်ယား၊ ကပ်မှော်နှင့် ဆိုင်းဖရာကျေးရွာ စသည့် ကျေးရွာအဝင် နေရာများတွင် စစ်ကောင်စီက တပ်စွဲကာ နေရာယူထားသောကြောင့် ဒေသခံများက ပစ္စည်းဝင်ယူခြင်း၊ နေအိမ်လာရောက်ကြည့်ရှုခြင်းများ လုပ်ရာတွင် အခက်အခဲဖြစ်နေကြောင်း သိရသည်။


လက်ရှိ ဖားကန့်လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကားသမားများနှင့် လမ်းသွားလမ်းလာများမှာ ဂိတ်ဖြတ်ခပေးကာ အတက်အဆင်း ပြုလုပ်နိုင်သော်လည်း ယင်းဒေသရှိ ဒေသခံများက နေရပ်ရင်းသို့ ခေတ္တပြန်လာရေးအတွက်ပင် ခက်ခဲနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။


အထူးသဖြင့် ဖားကန့်လမ်းတစ်လျှောက် စစ်ကောင်စီက နေရာယူတပ်စွဲကာ ဂိတ်စခန်းချထားပြီး၊ နေအိမ်ပြန်လာကြည့်သူများအား တားဆီးစစ်ဆေးခြင်းနှင့် တိုက်ပွဲမဖြစ်သော်လည်း ဒရုန်းဗုံး၊ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ဖားကန့်လမ်းတစ်လျှောက် ပြီးခဲ့သည့်နှစ် ဧပြီလကတည်းက တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ပြီး၊ ဒေသခံများမှာ ကိုယ်ထူကိုယ်ထ လွတ်မြောက်ရာ နေရာဒေသများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်မှာ လက်ရှိချိန်ထိ ဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page