top of page

မြစ်ကြီးနားမြို့ခေမာသီရီရပ်ကွက်တွင် အနုကြမ်းစီးပြီး ဖုန်းလုယက်မှုဖြစ်ပွား

  • Writer: Pajau Media
    Pajau Media
  • Sep 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ စက်တင်ဘာ၊ ၂၀၂၅။


မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် ယမန်နေ့ စက်တင်ဘာ ၁၁ရက်နေ့ညက လူငယ်သုံးဦးမှအနုကြမ်းစီးကာ ဖုန်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။


အနုကြမ်းစီးပြီး ဖုန်းလုယက်သော လူငယ်သုံးဦးမှာအသက်၂၀အရွယ်‌ ဝန်းကျင်ခန့်သာရှိပြီး ရပ်ကွက်အတွင်း ခိုးဆိုးလုယက်ရန် လှည့်လည်သွားလာနေသည်ကို သတိထားမိခြင်းကြောင့် ရပ်ကွက်နေပြည်သူများမှ စောင့်ကြည့်ပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်မှ ရွှေဆန်းလီရွှေဆိုင်ဓါးပြတိုက်ခံရပြီး၊ ကချင်စုရပ်ကွက်တွင်လည်းစက်တင်ဘာလ ၇ရက်နေ့က ဓါးမြတိုက်မှု ဖြစ်ပွားခဲ့သည်။


ဓါးပြတိုက်သည့်အဖွဲ့မှာ ဆယ်ကျော်သက် လူငယ်များသာဖြစ်ပြီး ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့သည်။


မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ပြည်သူ‌‌များ၏ လုံခြုံရေးအခြေအနေကို စိုးရိမ်နေရကြောင်း မြို့ခံများကပြောသည်။


သတင်း - ကချင်ပြည်သား


Comments


Pajau Media

Thanks for subscribing!

bottom of page