top of page

မြစ်ကြီးနားမြို့တွင် ဆယ်ကျော်သက် လူငယ်ဓါးမြ ၄ဦးဖမ်းဆီးရမိ

  • Writer: Pajau Media
    Pajau Media
  • Sep 8, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ စက်တင်ဘာ၊ ၂၀၂၅။



ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက်တွင် ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဓါးပြတိုက်နေသည့် လူငယ် (၆)ဦးမှ (၄)ဦးကို ရပ်ကွက်ပြည်သူများမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။


ဖမ်းဆီးရမိသောသူများသည် အသက် ၁၇နစ်အရွယ် ၃ဦးနှင့် ၂၅နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။


ယခုလို မြို့တွင်းမှာ ခိုးဆိုးလုနှိုက်မှု များလာခြင်းမှာ စားဝတ်​နေ​​ရေးကြပ်တည်းလာပြီး အလုပ်အကိုင်နှင့် ဝင်ငွေမရှိခြင်း၊ ကုန်ဈေးနှုန်းကြီးခြင်း ​စသည့် ပြဿနာကြောင့် ဖြစ်ကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။


စစ်တပ်အာဏာသိမ်း ၄ နှစ်​ကျော်တွင် ကချင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အများအပြားတွင် စစ်​ကောင်စီ၏ အမျိုးမျိုး ဖိနှိပ်မှု​ကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲ​ဖြစ်ပွားနေသောကြောင့် နိုင်ငံစီးပွား​ရေး ဆက်တိုက်ကျဆင်း​လာကာ ငွေ​ကြေး​ဖောင်းပွမှုမှာ ၂၀၂၁ ထက် ၄ ဆပို​မိုဖောင်းပွလာပြီး နိုင်ငံတစ်ဝန်း ပြည်သူ ၃ ဦးမှာ ၁ ဦးက ဝဝလင်လင်မစားရဘဲ ဆာ​လောင်မွတ်သိပ်မှုကြုံ​နေရတယ်လို့ WFP ကထုတ်ပြန်ထားသည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page