top of page

မြစ်ကြီးနားမြို့တွင်း တပ်သားသစ်စုဆောင်းခြင်း လုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Dec 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၂ရက်၊ ဒီဇင်ဘာ၊၂၀၂၅။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လူငယ်လူရွယ်များကို ယခုရက်ပိုင်း စစ်တပ်မှ စစ်မှုထမ်းတပ်သားအဖြစ် လိုက်လံဖမ်းဆီး​နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


စစ်ကောင်စီတပ်များသည် ည ၇ နာရီနောက်ပိုင်း မြို့တွင်းသွားလာနေသည့် လူငယ်များကိုသာမက wifi ဆိုင်များတွင် wifi အသုံးပြုနေသည့် သူများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။


"ညစျေးသွား ဟိုသွားဒီသွား သွားလာနေကြတဲ့ သူတွေကိုဘဲ ဖမ်းနေတာမဟုတ်ဘူး wifi ဆိုင်တွေမှာ wifi အသုံးပြုနေကြတဲ့ သူတွေကိုလည်း ဖမ်းနေတာ " ဟု ဒေသခံတစ်ဦးက ပြောသည်။


ထို့အပြင် ဟိုပင်မြို့၊ မိုးညှင်း၊ မိုးကောင်း နှင့် ဖားကန့်မြို့နယ်အတွင်းရှိ လူငယ်များကိုလည်း စစ်တပ်နှင့် SNA တပ်ပူးပေါင်းကာ ဖမ်းဆီးနေကြောင်း သိရသည်။


စစ်တပ်မှ ယခုလို လိုက်လံဖမ်းဆီးနေမှုထဲတွင် အမျိုးသားများသာမက အမျိုးသမီးများလည်းပါဝင်နေပြီး စစ်မှုထမ်း သင်တန်းအပတ်စဉ် ၂၀ အတွက် တပ်သားသစ် စုဆောင်းနေတာဖြစ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page