top of page

မြစ်ကြီးနားမြို့တွင်း ဒုစရိုက်မှုများအပြင် အတင်းအဓမ္မ မုဒိမ်းမှုများရှိလာ

  • Writer: Pajau Media
    Pajau Media
  • Dec 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။


မြစ်ကြီးနားမြို့တွင် ညအချိန် လုံခြုံမှုမရှိတော့ဘဲ ဓါးပြတိုက်မှု၊ မုဒိမ်းမှု စသည့်ဒုစရိိုက်မှုများ များပြားလာသောကြောင့် သတိထားသွားလာ‌နေရကြောင်း သိရသည်။


ယခုလအတွင်း ည ၇ နာရီအချိန်၀န်းကျင် လမ်းသွားလမ်းလာ အမျိုးသမီးများ ဓါးပြတိိုက်ခံရကာ၊ အတင်းအဓမ္မခေါ်သွားခံရပြီး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဥ်များ ရှိလာသည်ဟု ဆိုသည်။


ပြီးခဲ့သည့် ဒီဇင်ဘာ၂၅ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် အသက်၂၁နှစ်အရွယ် အမျိိုးသမီးတစ်ဦးနှင့် အသက်အရွယ်ရသည့် အမျိုးသမီးနှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ဂျပန်တံတားမှ လာစဥ် မျက်နှာအုပ်ထားသည့် အမျိုးသား၆ဦးမှ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီးငယ်မှာ မုဒိမ်းမှု ကျူးလွန်ခံရကြောင်း သိရသည်။


ဓါးပြအဖွဲ့မှာ သေနတ်ကိုင်ဆောင်ထားပြီး၊ ခြိမ်းခြောက်ပြောဆိုကာ သေနတ်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။


အထက်ပါအမှုနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့တွင်း အုပ်ချုပ်ရေးပိုင်း အရာရှိများမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် ဒုစရိုက်မှုများအတွက် အရေးယူပေးခြင်းမရှိသောကြောင့်လည်း ယခုကဲ့သို့ ဒုစရိုက်မှုများ နေ့စဥ်ပိုမိုများပြားလာနေကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page