top of page

မြစ်ကြီးနားမြို့တွင် လောင်းကစားဝိုင်းများ အပြိုင်အဆိုင် ဖွင့်လာ

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပြင်နေရာများအပြင် မြို့တွင်းနေရာများထိ လောင်းကစားဝိုင်းများ အပြိုင်အဆိုင် ဖွင့်လှစ်လာကြောင်း ဒေသခံများ ပြောပြချက်များအရ သိရသည်။


မြစ်ကြီးနားမြို့ ‌ အေးစေတီရပ်ကွက်၊ တပ်ကုန်းရပ်ကွက်အပြင် အခြားရပ်ကွက်များတွင် လက်ဝှေ့ပွဲ၊ ဇာတ်ပွဲများ ခေါင်းစဉ်တပ်၍ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ရှမ်းကိုးမီးနှင့် ငါးပစ်ဂိမ်း အပါအဝင် လောင်းကစားဝိုင်းပေါင်း ၅၀ ကျော်ကို ဖွင့်လှစ်နေကြောင်းသိရသည်။


“ခိုးဆိုးလုနှိုက်တာတွေ မုဒိမ်းမှုဖြစ်တာတွေ အဓိက အဲ့ဒီ လောင်းကစားဝိုင်းတွေကြောင့် ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုထားသည်။


ထိုသို့ လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် မြစ်ကြီးနားမြို့တွင် လုံခြုံမှုမရှိတော့ဘဲ ဒုစရိုက်မှုများအပြင် အတင်းအဓမ္မ မုဒိမ်းမှုများနှင့် ခိုးဆိုးလုနှိုက်မှုများ ပိုမိုများပြားလာကာ သတိထား သွားလာ‌နေရသည်ဟု ဆိုသည်။


မြို့ပြင်နေရာများတွင်သာမက မြို့တွင်းနေရာထိ လောင်းကစားရုံများ ဖွင့်လှစ်လာခြင်းကြောင့် ဒေသခံများမှာ သက်ဆိုက်ရာ မြို့နယ်အစိုးရထံ တိုင်ကြားထားသော်လည်း တစ်စုံတစ်ရာ တာဝန်ယူကာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page