မြစ်ကြီးနားမြို့ရှိ လေတပ်စခန်း တိိုက်ခိုက်ခံရပြီးနောက် လိုင်ဇာမြို့ အသေခံဒရုန်း ပစ်ခတ်ခံရ
- Pajau Media

- Dec 25, 2025
- 1 min read
ပါဂျောင်မီဒီယာ
၂၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ယနေ့ ဒီဇင်ဘာ၂၅ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် လေတပ်စခန်းဌာနချုပ်ကို KIA မှ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီက မွန်းလွဲ ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအချိန်အထိ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို အသေခံဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်လာကြောင်း ထပ်မံသိရသည်။
စစ်ကောင်စီက ဌာနချုပ် လိုင်ဇာမြို့ကို အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်လာခဲ့ပြီး၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံးပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းလည်း သိရှိရသည်။
သတင်း - ထုဆိုင်း




Comments