top of page

မြစ်ကြီးနား-မန္တလေးကားလမ်း စကစ ပိတ်ပင်ထား

  • Writer: Pajau Media
    Pajau Media
  • Dec 13, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၃ရက်၊ဒီဇင်ဘာ၊၂၀၂၅။


မြစ်ကြီးနား-မန္တလေးကုန်သွယ်ရေး လမ်းကြောင်းအား ဒီဇင်ဘာ ၈ရက်နေ့မှစပြီး ထပ်မံပိတ်ပင်လိုက်သောကြောင့် ကားအစီးရေ အများအပြား ပိတ်မိနေကြောင်း ကားသမားများထံမှ သိရသည်။


ယင်းလမ်းကြောင်းကို စစ်ကောင်စီနှင့်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ပိတ်ထားကြောင်း သိရသည်။


ကားလမ်းအား စစ်ကောင်စီဘက်မှ ပိတ်လိိုက်ခြင်းဖြစ်ပြီး၊ မည်သည့်အကြောင်းရင်းကြောင့် ပိတ်သည်မှာ ကားသမားများ မသိရကြောင်း ပြောသည်။


အတက်ကားများကို စစ်ကိုင်းတိုင်း ခင်ဦးလမ်းဆုံအကျော် ထနောင်းကိုင်းကျေးရွာတွင် ပိတ်ထားပြီး၊ အဆင်းကားများမှာ ကျီကျင်းကျေးရွာတွင် ပိတ်ထားကြောင်း သိရသည်။


အဆိုပါလမ်းပိတ်မှုကြောင့် ကချင်ပြည်နယ်ဘက်မှာ ကုန်စည်အချို့ ပြတ်တောက်လာပြီး၊ ကုန်စျေးနှုန်းတက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page