မြစ်ကြီးနား-မန္တလေးလမ်းပိုင်း ပြန်ဖွင့်သော်လည်း စစ်တပ်က ထိန်းလွှတ်နေသောကြောင့် ကားရာချီ ပိတ်မိနေ
- Pajau Media

- Sep 17, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၇ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
မြစ်ကြီးနား-မန္တလေးသွားလမ်းပိုင်းများ ပြန်လည်ဖွင့်လှစ်သော်လည်း စစ်ကောင်စီတပ်များသည် ကားများကို ထိန်းလွှတ်နေသောကြောင့် ကားအစီးရေ ရာချီပိတ်မိနေကြောင်း ကားသမားများမှ တစ်ဆင့် သိရသည်။
စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းအချိန်တွင် မြစ်ကြီးနား - မုံရွာ - မန္တလေးသွားလမ်းပိုင်းရှိ နေရာနှစ်နေရာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သောကြောင့် ကားလမ်းပိုင်းများကို ယာယီပိတ်ထားခဲ့ပြီး နေ့လယ်ပိုင်းအချိန်ခန့်မှာတော့ လမ်းပြန်ဖွင့်ပေးခဲ့သော်လည်း ကားများကို ထိန်းလွှတ်နေကြောင်း သိရသည်။
မြစ်ကြီးနား - မန္တလေးလမ်းကားလမ်းပိုင်းတွင် တိုက်ပွဲမကြာခန ဖြစ်ပွားလေ့ရှိရာ စစ်ကောင်စီတပ်များမှာ ခရီးသွားပြည်သူများကို လူသားဒိုင်းအဖြစ်ပြုလုပ်ခြင်း၊ မိုင်းရှာခိုင်းခြင်း မကြာခဏ ပြုလုပ်စေခိုင်းတတ်သောကြောင့်လည်း သတိထားသွားလာကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။
ထို့အပြင် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းအစပ် ဗန်းမောက်မြို့အနီးတစ်ဝိုက်တွင် ရှမ်းနီဌာနေပြည်သူ့စစ် SNAတပ်၊ စစ်ကောင်စီ ပူးပေါင်းတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့အကြား နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
သတင်း - ဖရိန်း










Comments