top of page

မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းကို နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည်

  • Writer: Pajau Media
    Pajau Media
  • Dec 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ဒီဇင်ဘာ၊၂၀၂၅။


မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပိုင်းကို လာမည့်၂၀၂၆ခုနှစ် ဇန္နါရီလဆန်းပိုင်းတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။


အဆိုပါကားလမ်းပိုင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ၂၇ရက်နေ့ ညနေပိုင်းတွင် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ လက်ရှိတွင် လမ်းပိုင်းအတွင်း ပိတ်မိနေသည့်ကားများလည်း အများအပြား ရှိနေကြောင်း သိရသည်။


ထို့အပြင် အချို့ကားများမှာ ကွင်းလမ်းများမှ သွားလာနေသော်လည်း လမ်းခရီးအဆင်မပြေမှုများစွာ ရှိသည်ဟု ဆိုသည်။


မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းကို ပိတ်ပြီးနောက် ကွင်းလမ်းများသာ အသုံးပြုနေကြသလို မဖြစ်မနေသွားလာရသည့် ခရီးသွားများသာ သွားလာသောကြောင့် ခရီးသွားအလွန်နည်းပါးသွားကြောင်း သိရသည်။


လက်ရှိတွင် ခရီးသွားတစ်ဦးလျှင် ၁၈၀,၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး၊ ယခင် တစ်ရက်ခရီးအား ယခုတစ်ပတ်နီးပါးသွားလာရကြောင်း သိရသည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page