top of page

မြစ်ကြီးနား- မန္တလေးသွားလမ်းပိုင်းကို စစ်ဆေးရေးပြင်းထန်‌နေပြီး၊ အချိန်အကန့်အသတ်ဖြင့်သာ သွားလာနေရ

  • Writer: Pajau Media
    Pajau Media
  • Dec 26, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ဒီဇင်ဘာ၊၂၀၂၅။


မြစ်ကြီးနား-မန္တလေးသွားလမ်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီမှ ပြင်းပြင်းထန်ထန် စစ်ဆေးရေး လုပ်ဆောင်နေခြင်းနှင့် အချိန်ကန့်သတ် ဖြတ်သန်းသွားလာခိုင်းသောကြောင့် ပြည်သူများ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အခက်ခဲဖြစ်နေကြောင်း သိရသည်။


စစ်ကောင်စီမှ လမ်းခရီးအတွင်း ပြင်းပြင်းထန်ထန် စစ်ဆေးရေးလုပ်ဆောင်နေပြီး ပြည်သူများ သယ်ယူလာသည့် ကုန်ပစ္စည်းများကိုလည်း သိမ်းယူခြင်း၊ အချိန်ကြာမြှင့်စွာ သိမ်းယူပေးသောကြောင့် ပုပ်သိိုးပျက်စီးခြင်းများ ရှိနေသဖြင့် ပြည်သူများခက်ခဲနေကြသည်ဟု ဆိုသည်။


ထို့အပြင် အချို့ကုန်ပစ္စည်းများမှာ သယ်ယူခွင့်မပေး၊ ပုပ်သိုးပျက်စီးခြင်းများကြောင့် အချို့ဒေသတွင် ကုန်ပစ္စည်းများ အ၀င်မရှိ ပြတ်လတ်သွားသည့်အပြင် အချိန်ကန့်သတ် ဖြတ်သန်းရခြင်းကြောင့်လည်း ခရီးသွားပြည်သူများ ခက်ခဲနေရသည်ဟု ဆိိုသည်။


အရေးပေါ်သွားလာရသော ခရီးသည်များလည်း လမ်းပိုင်းတွင် အချိန်ကြာမြင့်စွာ ပိတ်မိနေရပြီး၊ ကြာရှည်မခံသည့် ကုန်ပစ္စည်းများလည်း ပျက်စီးသွားသဖြင့် အရှုံးပေါ်နေရသလို ဂိတ်တွင်းငွေကောက်ခံမှုများကို ပေးဆောင်နေရသေးကြောင်း သိရသည်။


သတင်း- ထုဆိိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page