မြစ်ကြီးနား-ရွှေဘို ကားလမ်း ပိတ်ထားဆဲဖြစ်လို့ ကားအချို့ နောက်ပြန်လှည့်
- Pajau Media

- Dec 15, 2025
- 1 min read
ပါဂျောင်မီဒီယာ
၁၅ရက်၊ဒီဇင်ဘာ၊၂၀၂၅။

မြစ်ကြီးနား-ရွှေဘို ကားလမ်းပိုင်းကို ပိတ်ထားဆဲဖြစ်သောကြောင့် ကားတချို့ နောက်ပြန်လှည့်နေရကြောင်း ကားသမားများပြောပြချက်အရ သိရသည်။
မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းကို ဒီဇင်ဘာ ၁၀ ရက်နေ့ကတည်းက ယနေ့တိုင် ပိတ်ထားဆဲဖြစ်သောကြောင့် ကုန်တင်ယာဉ်များရာချီ ပိတ်မိနေကြောင်း ကားသမားများက ပြောသည်။
"ကားလမ်းက ဆက်တိုက်ပိတ်ထားတော့ ကားတစ်ချို့ ပြန်ခေါက်ကြပြီး တချို့ကလည်း စောင့်နေကြတယ်"ဟု ကားသမားတစ်ဦးက ပြောသည်။
စစ်တပ်က မြစ်ကြီးနားဘက်တက်မည့်ကားများကို ပိတ်ထားပြီး အဆင်းကားများကိုတော့ ဖွင့်လိုက်ပိတ်လိုက်လုပ်နေကြောင်း သိရသည်။
မြစ်ကြီးနား-ရွှေဘိုဗျူဟာလမ်းပိုင်းရှိ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာရွာမှ ရေကြည်ဦးရွာအထိ စစ်တပ်က အထိုင်ချတပ်စွဲထားသောကြောင့် တချို့ကားများ ကွင်းလမ်းကနေပတ်ပြီး သွားလာနေကြကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments