top of page

မြစ်ကြီးနား-ရွှေလမ်းမလမ်းဆုံတွင် အမျိုးသားတစ်ဦး စစ်သားဖမ်းဆီးခေါ်ဆောင်ခံရ

  • Writer: Pajau Media
    Pajau Media
  • Oct 3, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅။



မြစ်ကြီးနားမြို့၊ ရွှေလမ်းမကြီး လမ်းဆုံနေရာတွင် ယနေ့ အောက်တိုဘာ ၃ရက်နေ့ မွန်းလွှဲ၂နာရီ ၁၀မိနစ်အချိန်ခန့်က အိမ်စီးကား အဖြူနှင့်အမဲကို တားဆီးစစ်ဆေးခဲ့ပြီးနောက် ကားအဖြူမောင်းနှင်သူကို စစ်ကားထဲ အတင်းဆွဲခေါ်ထည့်သွင်းပြီး ခေါ်ဆောင်သွားပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။


“သူတို့က မနက် ၆နာရီကတည်းကနေ အဲဒီနေရာမှာ ရှိနေတာ။ အခု ၂နာရီ ၁၀မိနစ်လောက်မှာ ဖြစ်မယ်၊ အိမ်စီးကား အဖြူနဲ့အမဲကားကို တားဆီးပြီး စစ်ဆေးတယ်။ ပြီးရင် ကားအဖြူမောင်းတဲ့ ကားဆရာကို သူတို့စစ်ကားထဲ အတင်းဆွဲခေါ်ပြီး ထွက်သွားပြီ။” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။


အဆိုပါ စစ်သားများမှာ ယနေ့ နံနက် ၆နာရီကတည်းက ရွှေလမ်းမလမ်းဆုံတွင် ရှိနေကာ လမ်းသွားလမ်းလာ ပြည်သူများ ကား၊ ဆိုင်ကယ်များကို တားဆီးစစ်ဆေးနေခြင်းဖြစ်ပြီး၊ ၂နာရီနောက်ပိုင်းမှာတော့ ကားမောင်းလာသူတစ်ဦးကို အတင်းဆွဲခေါ် ဖမ်းဆီးသွားကြောင်း သိရသည်။


အလားတူ ထီဝန်းရပ်ကွက်တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလက ထောက်ပို့ဟုဆိုကာ ကချင်အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပြီး၊ လက်ရှိအချိန်ထိ အဆက်အသွယ်မရ မည်သို့ လိုက်လံစုံစမ်း ခေါ်ယူရမည်ကိုပင်မသိ ဖြစ်ခဲ့ရကြောင်း သိရသည်။


ယင်းအမျိုးသားကို စစ်သားများက ဖုန်းစစ်ဆေးခြင်းနှင့် Kpayငွေလွှဲစစ်ဆေးခြင်းများ ပြုလုပ်ကာ PDFများကို ကူညီထောက်ပံ့သူဟု စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ ဖမ်းဆီးချိန်တွင်လည်း ပြင်းပြင်းထန်ထန် ရိုက်နှက်၍ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page