top of page

မြစ်ကြီးနား ရမ်ပူရပ်ကွက်မှ နေအိမ်(၉)လုံး မီးလောင်ပျက်စီး

  • Writer: Pajau Media
    Pajau Media
  • 5 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊နိုဝင်ဘာလ၊၂၀၂၅။


ree

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်၊ နယ်မြေ(၁၄)တွင် ယနေ့နိုဝင်ဘာ၂၆ရက် နံနက်၉ နာရီကျော်လောက်က နေအိမ်(၉) လုံး မီးကူးစက်လောင်ကျွမ်း ပျက်စီးခဲ့ရကြောင်း သိရသည်။


နေအိမ်(၉)လုံးစလုံးမှာ ခြံတစ်ခြံထဲတွင် ဆောက်ထားသော အိမ်များဖြစ်သောကြောင့် မီးကူးစက်ရန်လွယ်ကူပြီး တစ်အိမ်ပြီးတစ်အိမ် ကူးစက်ကာ နေအိမ် (၉)လုံးထိ လောင်ကျွမ်းပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“ အစတော့ အမိုက်ရှို့တယ်ပဲထင်နေတာ၊ မီးကတော့ မီးသတ်ကားတွေလာပြီး ငြိမ်းလိုက်ပါပြီ” ဟု ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦး ပြောပြသည်။


မီးလောင်မှုကို မီးသတ်ကားများဖြင့် ငြိမ်းသတ်နိုင်ခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် မီးစတင် လောင်ကျွမ်းရသည်ကိုတော့ မသိရှိရသေးကြောင်း သိရသည်။


မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း ဂတ်စ်အိုး အသုံးပြုမှုတို့ကြောင့် ကြက်ခြံမီးလောင်ခဲ့သည့် ဖြစ်စဥ်များ ရှိခဲ့သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page