top of page

မြစ်ကြီးနားလေဆိပ်အနီး စစ်တပ်ထောက်ခံအနည်းစုမှ လေဆိပ်တိုက်ခိုက်ခံရမှုအား ဆန္ဒပြထုတ်ဖော်ခဲ့ကြ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လေဆိပ်အား အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုနှင့် အများပြည်သူများနေရာတွင် တိုက်ခိုက်ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တပ်ထောက်ခံသူများမှ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


စစ်တပ်ထောက်ခံသော လူစု ၃၀ လောက်ဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်း မြစ်ကြီးနားလေဆိပ်အနီးတွင် ဗီနိုင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။


“အရပ်ဖက်ပစ်မှတ်အား အဓိကထား တိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်။ ပြည်သူများ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ FPV အသေခံဒရုန်းဖြင့် မြစ်ကြီးနားလေဆိပ်အား တိုက်ခိုက်မှု အပေါ်ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။ အကြမ်းဖက်သောင်းကျန်းသူများ အလိုမရှိ အလိုမရှိ။ ပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက်အဖွဲ့များ အလိုမရှိ။” ဟူသော စာသားများပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။


ထိုကစ္စနှင့်ပတ်သတ်ပြီး မြစ်ကြီးနားမြို့ခံတစ်ဦးက “သူတို့ အစိုးရလူတွေကိုပဲ မသွားမနေရနဲ့ လုပ်ခိုင်တာတဲ့၊ မြို့ခံတွေရဲ့ ဆန္ဒတော့မပါဘူး၊ သိတောင် မသိလိုက်ဘူး၊ လိုင်းပေါ်တက်လာမှသိရတာ။” ဟု သူကပြောပြသည်။


ထို့ပြင် လေယာဥ်ကွင်းသွားလမ်းတွင်လည်း စစ်သားများဖြင့် လုံးခြုံရေးတင်းကျပ်ထားပြီး ဖြတ်သွားဖြတ်လာ ပြည်သူများကို တားစီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။


မြစ်ကြီးနားမြို့လေဆိပ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ နေ့ တွင် တကြိမ် FPV အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် တကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။


ထိုကစ္စနှင့် ပတ်သတ်ပြီး KIAဘက်က မဟုတ်ကြောင်း ငြင်းဆိုထားပြီး စစ်ရေးလေ့လာ သုံးသပ်သူများကလည်း KIA၏ ပုံရိပ်ကျဆင်းအောင် သူတို့စစ်ကော်မရှင်ကိုယ်တိုင် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ပြောဆိုထားသည်။


သတင်း - ဇော်

Photo - Crd


Comments


Pajau Media

Thanks for subscribing!

bottom of page