top of page

မြစ်ကြီးနား-လမုန်ဇွပ်ကျေးရွာရှိ ဂိတ်နှစ်ခုတွင် ဂိတ်ဖြတ်ကြေးတိုးကောက်လာပြီး၊ ကုန်ပစ္စည်းကန့်သတ်လာ

  • Writer: Pajau Media
    Pajau Media
  • Dec 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။


မြစ်ကြီးနားအထက်ပိုင်း လမုန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီဂိတ်နှစ်ခုတွင် ပူတာအိုတက်မည့်ကားများကို ဂိတ်ဖြတ်ကြေးများ သိန်းဂဏန်းထိ ကောက်ခံနေပြီး၊ ကုန်ပစ္စည်းများကိုလည်း ကန့်သတ်လာသည်ဟု ကားသများက ပြောသည်။


ယခင်က ဂိတ်ဖြတ်ခကို လေးသောင်းကျပ်လောက်သာ ပေးဆောင်ရသော်လည်း လက်ရှိတွင် တစ်သိန်းကျော်ထိ ကောက်ခံလာသည့်အပြင် လမုန်ဇွပ်အထက်ပိုင်း ကျေးရွာများအနေဖြင့်လည်း ကုန်ပစ္စည်းသယ်ယူရာတွင် ဂိတ်မှ ပစ္စည်းကန့်သတ်ကာ ငွေကောက်ခံလာကြောင်း သိရသည်။


လမုန်ဇွပ်အထက်ပိုင်း ကျေးရွာများမှာ အာလမ်အုပ်စု၊ အောင်မြင်သာနှင့် တန်ဖရဲ စသည့်ကျေးရွာများဖြစ်ကြပြီး၊ ဘိလပ်မြေနှင့်ဆန် စသည့်ကုန်ပစ္စည်းများကို လိုသလောက် သယ်ယူခွင့်မပေးဘဲ ကန့်သတ်ကာ၊ ဆန်၅အိတ်မှအထက် သယ်ယူပါက ဆန်တစ်အိတ်လျှင် သုံး‌ထောင်ကျပ် ကောက်ခံသည်ဟု ဆိုသည်။


လမုန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီဂိတ် နှစ်ခုထားရှိပြီး၊ ဖြတ်သွားဖြတ်လာ ကုန်တင်ကားများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမေးမြန်းခြင်းများ တင်းကြပ်လေ့ရှိကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page