မြစ်ကြီးနားအထက် လမုန်ဇွပ်ဂိတ် စစ်တပ်က ပိတ်ပင်
- Pajau Media

- Oct 23
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ အောက်တိုဘာ၊ ၂၀၂၅

ကချင်ပြည်နယ်က မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းကို မြစ်ကြီးနား အထက်ပိုင်း လမုန်ဇွမ်ဂိတ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က ပိတ်ထားလိုက်ကြောင်း သိရသည်။
မြစ်ကြီးနား-ပူတာအို လမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသော်လည်း စစ်ကော်မရှင်တပ်က ကုန်နှင့်ခရီးသည်တင်ကားများအပြင် ဆိုင်ကယ်ဖြင့် ခရီးသွားလူတွေထိ မဖြတ်ခိုင်းကြောင်း သိရသည်။
“လမှန်ဇွပ်မှာပိတ်တာ ဘာလို့ပိတ်တာလဲတော့ မသိဘူး၊ လမ်းမှာတိုက်ပွဲဖြစ်တာလဲ မကြားမိဘူး၊ ဒီမနက်ကတည်းကပိတ်တာ၊ အဆင်းလည်းမရသေးဘူး၊ မနေ့ညက တယန်ဇွပ်မှာ ရောက်တဲ့ကားတွေလည်း ခုထိ ဒီကိုမဝင်သေးဘူး။ ဘယ်တော့ပြန်ဖွင့်မလဲ မသိသေးဘူး ကျန်တော်တို့ကတော့ မနက်ဖြန် ပြန်ပြန်သွားဖို့လုပ်ထားတာ။” ဟု ကားသမားတစ်ဦး ပြောပြသည်။
အာလမ်အုပ်စု၊ လမုန်ဇွပ်ကျေးရွာရှိ စစ်ကော်မရှင်ဂိတ်တွင် ပိတ်ထားတာကြောင့် ပြန်ခေါက်လာရသည့် ကားသမားများမှာ ကားလမ်းပြန်ဖွင့်မည့် အချိန်ကို စောင့်ဆိုင်းနေကြောင်းနှင့် ဘယ်တော့ပြန်ဖွင့်မလဲ မသိရသော်လည်း မနက်ဖြန်တစ်ခေါက် ပြန်တက်ကြည့်ဖို့စီစဉ်ထားကြောင်း သူကပြောသည်။
မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်းကို စစ်ကော်မရှင်က ယခင်ကတည်းက အသက်(၁၈) နှစ်မှ (၄၀) ကြားက လူရွယ်များကို ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားခဲ့သည်။
သတင်း - ဇော်



Comments