မှော်စီစာတွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ပြီးသေဆုံး
- Pajau Media

- Nov 10
- 1 min read
ပါဂျောင်မီဒီယာ
၁၀ရက်၊ နို၀င်ဘာ၊ ၂၀၂၅။

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယမန်နေ့ နေ့လည် (၁၁)နာရီအချိန်တွင် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်၍ သေဆုံးခဲ့သည်။
သေဆုံးသူအမျိုးသမီးသည် အသက်(၂၀)အရွယ်ခန့်သာရှိပြီး မှော်စီစာမိန်းလမ်းမကြီးအပေါ်တွင်ဖြတ်သန်းသွားသော စစ်ကော်မရှင်၏ ကားအနောက်မှ ဆိုင်ကယ်မောင်းနင်၍ ကပ်ပါလာစဉ် စစ်ကော်မရှင်ဖက်မှ ဖောက်ခွဲသည့် မိုင်းစမှန်၍ သေဆုံးခဲ့ကြောင်း ဒေသခံများမှ ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ ဘယ်သူဘယ်ဝါဖြစ်သည်ကို သိရှိရန်အတွက် ဆက်သွယ်စုံစမ်းနေသော်လည်း ဖုန်းနှင့်အင်တာနက်လိုင်း အခက်အခဲများကြောင့် သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။
ဖားကန့်မြို့တွင် စစ်ရေး လှုပ်ရှားမှုရှိနေသည့်အတွက် အသွားအလာဂရုစိုက်ကြရန် ဒေသခံများက အချင်းချင်း သတိပေးပြောဆိုနေကြသည် ။
သတင်း - ကချင်ပြည်သား



Comments