top of page

မဲဆွယ်စည်းရုံးခြင်းကို ရက်ပေါင်း ၆၀ အတွင်း ပြုလုပ်နိုင်ကြောင်း ကြေညာ

  • Writer: Pajau Media
    Pajau Media
  • Oct 16, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ အောက်တိုဘာ၊ ၂၀၂၅။


စစ်ကောင်စီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ရက််ပေါင်း၆၀ ၂လအတွင်း ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်လိုက်သည်။


မဲဆွယ်စည်းရုံးခြင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆နာရီမှ ဒီဇင်ဘာ ၂၆ ရက်နေ့ ည ၁၂ နာရီအထိဖြစ်ပြီး၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။


အဆိုပါပြဋ္ဌာန်းချက်ထဲတွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးခြင်း၊ တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျအောင် ဟောပြောခြင်း၊ လုပ်ဆောင်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းများ မလုပ်ရကြောင်း ပါရှိသည်။


ထို့အပြင် ဟောပြောမည့်နေရာ၊ ရက်၊ အချိန်နှင့် ဟောပြောသူများ၏ ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ကော်မရှင်ရုံးမှာ ခွင့်ပြုမိန့်တင်ရမည် ဖြစ်သည်။


လက်ရှိတွင် မဲစာရင်းများကို အောက်တိုဘာ ၁၀ ရက်နေ့အထိ ပထမအကြိမ် ကြေညာထားပြီးဖြစ်သည့်အပြင် အချို့ဒေသများမှာ ရက်တိုးမြင့် ကြေညာထားဆဲဖြစ်ကြောင်း သိရသည်။


စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း ၁ ကိုတော့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page