မိုးညှင်းမြို့တွင် သီတင်းကျွတ်ပိတ်ရက် လည်ပတ်ကြသော လူငယ် (၂၀)ခန့် စုဆောင်းရေးဆွဲခံရ
- Pajau Media

- Oct 7, 2025
- 1 min read
ပါဂျောင်မီဒီယာ
၇ရက်၊ အောက်တိုဘာ၊ ၂၀၂၅။
မိုးညှင်းမြို့တွင် သီတင်းကျွတ်ပိတ်ရက်လည်ပတ်ကြသော လူငယ်(၂၀)ခန့် ကို SNA မှ စုဆောင်းရေးဆွဲကြောင်း သိရသည်။
"ပိတ်ရက်မှာ ဟိုပင်မြို့၊ မြို့သစ်ကလေး၊ မြေနုရွာ ကြိုးတံတားမှာ လာလည်ကြတဲ့လူငယ်တွေကို SNA က စုဆောင်းရေးဖမ်း ခေါ်တာ၊အယောက်(၂၀ )လောက်ပါသွားတယ်၊" ဟု ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်အများစုမှာ မြစ်ကြီးနား၊ နမ္မတီး၊ ဟိုပင်မြို့ မှ လူငယ်များဖြစ်ပြီး မြေနုရွာမှ လူငယ်အချို့လည်း ပါဝင်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင်းတွင် SNA နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ အပတ်စဉ်(၄)အတွက် စက်တင်ဘာလကုန်ပိုင်းကတည်းက စုဆောင်းရေးဆွဲနေရာ ဘီလူးမြို့ဘုံချောင်း၊ ပင်းဟဲကျေးရွာအုပ်စု ပင့်သာရွာတို့မှ လူငယ်များ စုဆောင်းခံကြရပြီး နန့်မွန်းမြို့ နှစ်ခြင်းဘုရား ကျောင်းထဲတွင် စစ်သင်တန်းပေးရန် ပို့ဆောင်ခံထားရကြောင်း သိရည်။
သတင်း - ကချင်ပြည်သား










Comments