မြန်မာနိုင်ငံမှ မိမိကိုယ်ကို အဆုံးစီရင်သူ (၈၆)ဦးထိ ရှိလာ
- Pajau Media

- Oct 24
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ အောက်တိုဘာ၊ ၂၀၂၅။

မြန်မာနိုင်ငံတွင် ၂၀၂၅ခုနှစ်အတွင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ (၈၆)ဦးအထိ ရှိခဲ့ပြီး၊ အများစုမှာ အသက် ၁၉နှစ်မှ ၂၅နှစ်အတွင်းရှိသူများသာ ဖြစ်နေကြောင်း DVBသတင်းဌာနက ထုတ်ပြန်ထားသည်။
နေ့စဉ် တိုက်ပွဲဖြစ်ပွားခြင်း၊ လေကြောင်းဗုံး ပစ်မှတ်ထားကာ ပစ်ခတ်ခံရခြင်း၊ တိုက်ပွဲကြောင့် မိသားစုကွဲ၊ ခန္ဒာကိုယ်မပြည့်စုံရခြင်း စသည့် ဖြစ်စဉ်များ ကြုံတွေ့ခံစားလာရပြီးနောက် အကြီးမားဆုံး စိန်ခေါ်မှုဖြင့် မိမိကိုယ်ကို အဆုံးစီရင်သူ များပြားလာကြောင်း သိရသည်။
အဆုံးစီရင်သူ အများစုမှာ အသက်အရွယ်ရသည့် လူငယ်များဖြစ်ကြပြီး၊ ထိုသူများထဲတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရထဲတွင် ပါဝင်နေသူများဖြစ်ကြောင်းနှင့် အဆုံးစီရင်ခြင်း၏ အဓိကစိန်ခေါ်ချက်က စိတ်ဓာတ်ကျခြင်းမှ စတင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှ ကာကွယ်ရန် မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ် မပြတ်ဘဲနေရန်၊ မိမိယုံကြည်စိတ်ချရသူနှင့် စကားပြောရန်၊ ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ရန်၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသောက်ရန်။ လုံလောက်စွာ အိပ်စက်အနားယူပါ။ အကြံညဏ်ပေးခြင်းဆိုင်ရာ အကူအညီရယူရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပညာပေးထားသည်။
မြန်မာနိုင်ငံအတွင်း အဆုံးစီရင်သူများထဲမှ ၈၀ရာခိုင်နှုန်းက အမျိုးသားများ ဖြစ်ကြပြီး၊ ၂၀ရာခိုင်နှုန်းက အမျိုးသမီးများ ဖြစ်ကြသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တပ်များအရ နှစ်စဉ် လူပေါင်း (၈)သိန်းနီးပါးက မိမိကိုယ်ကို သတ်သေမှုကြောင့် သေဆုံးနေရပြီး၊ စစ်ပွဲများကို ကြုံတွေ့ခဲ့ရသူများအနက် ၅ဦးတွင် ၁ဦးနှုန်းက စိတ်ကျန်းမာရေး ပြသနာတစ်မျိုးမျိုးကို ခံစားနေရကြောင်း သိရသည်။
သတင်း - ပီလမ့်အူ
Photo credit to DVB



Comments