top of page

မြန်မာ့ရွှေဈေး သိန်းတစ်ရာကျော်ထိ စံချိန်တင်မြင့်တက်နေ

  • Writer: Pajau Media
    Pajau Media
  • 4 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၁ရက်၊ဇန္နဝါရီ၊ ၂၀၂၆။


ကမ္ဘာ့ရွှေဈေးတက်လာသည်နှင့် အတူ မြန်မာနိုင်ငံ၏ ပြည်တွင်းရွှေဈေးသည်လည်း သိန်းတစ်ရာကျော်ရှိလာပြီဖြစ်ကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါသည်။


ယနေ့ ဇန္နဝါရီလ ၂၁ ရက်တွင် မြန်မာ့ပြည်တွင်းရွှေစျေးကွက်သည် ၁၆ ပဲရည်တစ်ကျပ်သားကို ရောင်းဈေး (၁၀၂)သိန်း ကျပ်နှင့် ဝယ်ဈေး (၁၀၁)သိန်းကျပ်၊ ၁၅ ပဲရည် တကျပ်သားကို ရောင်းဈေး (၉၆)သိန်းနှင့် ဝယ်ဈေး (၉၅)သိန်း ထိရောက်ရှိခဲ့ပြီး သမိုင်းတလျှောက် အမြင့်ဆုံးစံချိန် ထပ်မံတင်ခဲ့သည်။


လက်ရှိမြန်မာ့ရွှေဈေးကွက်သည် ပြင်ပပေါက်ဈေး သိန်းတစ်ရာကျော်သော်လည်း အစိုးရရည်ညွှန်းဈေးမှာ ၁၆ ပဲရည်တကျပ်သားကို ကျပ်သိန်း ၆၀ သာရှိပြီး သိန်း ၄၀ ကျော်ကွာဟ နေသည်။


လက်ရှိ ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်နေပြီး တစ်အောင်စကို ၄,၈၃၄ ဒေါ်လာ ထိရောက်ရှိနေပြီး ပြီးခဲ့သည့် တနင်္လာနေ့တွင် တစ်အောင်စကို ၄,၆၆၆ ဖြစ်ပြီး ၁၆၈ ဒေါ်လာထိ မြင့်တက်ခဲ့သည်။


မြန်မာ့ပြည်တွင်းရွှေစျေးသည် စစ်အာဏာမသိမ်းခင်၂၀၂၁ ဇန္နဝါရီလတွင် ၁၆ပဲရည် တကျပ်သားကို ၁၃ သိန်း ဝင်းကျင်သာရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း (၇)ဆကျော် (၈)ဆနီးပါးထိ ထိုးတက်လာပြီး ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page