top of page

မိုးမိတ်မြို့သို့ ချီတက်လာသည့် စစ်ကြောင်းကို KIAနှင့်ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Dec 1
  • 1 min read

ပါဂျောင်မီဒီယာ

၁ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။


ree

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှမိုးမိတ်မြို့ ဘက်ကို ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KIAတပ်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်မှတစ်ဆင့်သိရသည်။


ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်တွင် မိုးကုတ်မြို့ဘက်မှ မိုးမိတ်မြို့သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းကို KIAတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်နှင့် တော်လှန်ဲတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။


မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများတည်ရှိပြီး ABSDF၊ PDF တပ်များနှင့်တပ်ပေါင်းစုအဖြစ် အတူတူနေထိုင်ပြီး ABSDF နှင့် PDF တို့၏ စစ်ရေးလှုပ်ရှားမှုများတွင် KIAတပ်များက ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။


အဆိုပါ မိုးမိတ်မြို့နယ်ထဲတွင် KIA တပ်ရင်း ၃၄ တည်ရှိပြီး KIA PDF တပ်ပေါင်းစု အတူနေထိုင်သွားလာလှုပ်ရှားကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page