top of page

မိုးများပြီး ပျက်စီးခဲ့ရသည့် ကားလမ်းမပြုပြင်နိုင်သေးသောကြောင့် ရီဒမ်းဒေသခံများ ခက်ခဲ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။



ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် မိုးများသောကြောင့် ပျက်စီးခဲ့ရသည့် ခေါင်လန်ဖူးနှင့် နောင်မွန်းဆက်သွယ်ထားသည့် ကားလမ်းမှာ လက်ရှိအချိန်ထိ မပြုပြင်နိုင်သေးဘဲ ဒေသခံများ ခက်ခဲနေကြကြောင်း သိရသည်။


မိုးများပြီး ရေကြီးရေလျှံဖြစ်ကာ ခေါင်လန်ဖူး-ရီဒမ်းကျေးရွာမှ ကျောင်းဆောင်တစ်ခု ရေစီးထဲတွင် မျောပါသွားခဲ့ရသဖြင့် ကလေးငယ်များ စာသင်ကြားနိုင်ရေးအတွက် စာသင်ခန်း တည်ဆောင်နိုင်ရန် ပစ္စည်းသယ်ယူရာမှာ လမ်းခရီးမပြုပြင်နိုင်သေးသောကြောင့် ခက်ခဲနေကြခြင်း ဖြစ်သည်။


ပျက်စီးခဲ့ရသည့် ကျောင်းဆောင်ကို ပိုမိုခိုင်ခံအောင် ဆောက်လုပ်နိုင်ရန် ဆောက်လုပ်မည့်ပစ္စည်းများ သယ်ယူရာ ခက်ခဲနေသေးသဖြင့် တာဝန်ရှိသူများမှ ယာယီစာသင်ခန်း တည်ဆောက်ခြင်းကို ယခုလအတွင်းမှ စတင်လုပ်ဆောင်မည်ဖြစ်သည်။


ကျောင်းဆောင်ရေစီးတွင် မျောပါသွားပြီးနောက် ရီဒမ်းကျေးရွာမှ ကျောင်းသား/သူ (၆၀)ဦးကို ဘုရားကျောင်း၊ ဆေးပေးခန်းများတွင် ကိုယ်ထူကိုယ်ထ စာသင်ကြားပေးနေသည်ဟု ဆိုသည်။


ခေါင်လန်ဖူးနှင့် ရီဒမ်းကျေးရွာအကြား လမ်းသွားလမ်းလာ သွားရသော်လည်း နောင်မွန်း-ပူတာအို၊ ရီဒမ်းကျေးရွာအကြား ပျက်စီးနေသည့် လမ်းမှာ မပြုပြင်နိုင်သေးသောကြောင့် ဆိုင်ကယ်များဖြင့်သာ ခက်ခက်ခဲခဲ သွားလာနေကြသည်။


ခေါင်လန်ဖူးဒေသသည် ကားလမ်းခက်ခဲသည့် ဒေသဖြစ်ပြီး အဘက်ဘက်မှ ခက်ခဲသည့်အပြင် ကားလမ်းပေါက်ချိန် မကြာသေးသည့် ဒေသတစ်ခုလည်းဖြစ်ကာ မိုးရာသီချိန် မကြာခဏ ကားလမ်းပျက်စီးတတ်ကြောင်း သိရသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page