top of page

မိမိပေးသွင်းသည့် မဲတစ်မဲက အများပြည်သူအတွက် အပြောင်းအလဲဖြစ်လာမည်ကို သတိထားစောင့်ကြည့်ရန် လိုကြောင်း KIOဥက္ကဌပြော

  • Writer: Pajau Media
    Pajau Media
  • Jan 5
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဇန္နဝါရီ၊၂၀၂၆။


မြန်မာနိုင်ငံအတွင်း စစ်ရေးတင်းမာနေသော်လည်း စစ်ကောင်စီမှာ ရွေးကောက်ပွဲအပိုင်း ၁ အား ကျင်းပခဲ့ပြီးဖြစ်သလို အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်သည့် မဲတစ်ခုချင်းစီက အများပြည်သူများအတွက် အပြောင်းအလဲဖြစ်လာနိုင်သောကြောင့် သတိထားရန်လိုအကြောင်း KIOဥက္ကဌအင်ဘန်လမှ ပြောကြားထားသည်။


KIOဥက္ကဌအင်ဘန်လ ပြောဆိုချက်တွင် စစ်ကော်မရှင်နှင့် ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံကို တရားဝင်ဖွဲ့စည်းချင်သောကြောင့် ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။


ထို့ကြောင့် မိမိထည့်သွင်းခဲ့သော မဲတစ်မဲသည် အများပြည်သူအတွက် ကံကြမ္မာအပြောင်းအလဲကို ဖော်ဆောင်ပေးလာမည်ကို စောင့်ကြည့်၍ သတိထားနေရမည်ဟု ဆိုသည်။


ထို့အပြင် စစ်ကောင်စီက တော်လှန်‌ရေးတပ်ပေါင်းစုများ စုပေါင်းကာ အင်အားတောင့်တင်းလာမည်ကို စိုးရိမ်ပြီး၊ လူမျိုးချင်းကြား သွေးခွဲခြင်းများ လုပ်ဆောင်နေခြင်းတို့ကို အောက်မေ့လျက် မည်သူကရန်သူနှင့် မည်သူကမိတ်ဆွေဖြစ်သည်ကို သတိထားစေလိုသည်ကိုလည်း ပြောဆိုထားသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page