top of page

မိုးရေကြီးမှုကြောင့် ပျက်စီးသွားသည့် မိုင်ဂျာယန်-လိုင်ဇာ ကားလမ်းပြင်ဆင်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 7
  • 1 min read

ပါဂျောင်မီဒီယာ

၇ရက်၊ဇန္နဝါရီ၊၂၀၂၆။



မိုင်ဂျာယန်မြို့နှင့် ဒွမ်ဘုန်ချောင်းကြားတွင် မိုးရာသီချိန်တွင်း မိုးရေလျှံမှုကြောင့် ပျက်စီးသွားသည့် လမ်းမကြီးကို ပြန်လည်ပြုပြင် မွမ်းမံနေသောကြောင့် လမ်းသွားလမ်းလာအတွက် သတ်မှတ်ထားသည့် အချိန်တွင်းသာ သွားလာရန် တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။


ဇန္နဝါရီလ ၆ ရက်နေ့ကတည်းက စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် ခရီးသွားကားများမှာ နံနက်ပိုင်း ၁၀ နာရီခွဲမှ ၁၁ နာရီခွဲချိန်တွင်းသာ သွားလာရန်နှင့် ညနေပိုင်း ၄ နာရီခွဲမှ ၆ နာရီခွဲချိန်တွင်း သွားလာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ထုတ်ထားသည်။


ထို့အပြင် ဆယ်ဘီးကားနှင့် အခြားကားကြီးများဖြစ်သည့် ဆယ့်နှစ်ဘီးကားများမှာ သွားလာရေး ယာယီပိတ်ပင်ထားပြီး၊ ကားအသေးများဖြစ်သည့် ၄ ဘီးကားနှင့် ၆ ဘီးကားများမှာ ည ၇ နာရီမှ ၁၁ နာရီချိန်အတွင်း သွားလာခွင့် ပြုထားသည်။


ယခုကဲ့သို့ အချိန်သတ်မှတ် သွားလာခွင့်ကို မိဘပြည်သူများ သိရှိနားလည်ပြီး လိုက်နာရန်နှင့် သွားလာခွင့်ပိတ်ထားသည့် ကားကြီးများလည်း တာဝန်ရှိသူများထံမှ အခွင့်ရရှိပြီးမှသာ သွားလာရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကားလမ်းမှာ ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားကာ ထိခိုက်ပျက်စီးသွားသည့် ကားလမ်းဖြစ်သည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page