မော်လူးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ပြီဟုဆို
- Pajau Media

- May 5
- 1 min read
ပါဂျောင်မီဒီယာ
၅ရက်၊မေလ၊၂၀၂၆။

စစ်ကိုင်း-ကချင်အစပ်နားရှိသည့် မော်လူးမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်းတော်မြို့ကို ပြီးခဲ့သည့် ဧပြီလ (၃၀) ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းက မော်လူးမြို့ဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာခဲ့ရာ ယနေ့မေ၅ရက် နံနက်ပိုင်းတင် မော်လူးမြို့ကို ထိန်းချုပ်နိုင်ပြီဟု ဆိုကြသည်။
အင်အားအလုံးအရင်းနှင့် လက်နက်ကြီး၊ အသေခံဒရုန်းအများအပြားကို အသုံးပြုပြီး ထိုးစစ်ဆင်လာသည့် စစ်ကော်မရှင်တို့ကို ယမန်နေ့ မေလ ၄ရက်နေ့က နဘားအလွန်တွင် KIA နှင့် PDFပူးပေါင်းတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
စစ်တပ်ထောက်ခံ တယ်လီဂရန် ချန်နယ်များဖြစ်သည့် (မှိင်းဝေ နှင့် U Kyaw Soe Oo ) ချန်နယ်တွင်လည်း မော်လူးမြို့ကို စစ်တပ်က အလုံးစုံထိန်းချုပ်ထားနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်၏ အဆိုပါစစ်ကြောင်းကြောင့် အင်းတော်-ဗန်းမောက်လမ်းပိုင်းနှင့် အင်းတော်-မော်လူး လမ်းပိုင်းရှိရွာများ စစ်ရှောင်ခဲ့ရသည်။
မော်လူးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်အကြာတွင် ပြန်လည် လက်လွတ်ခဲ့ရသည်။
သတင်း - ဇော်




Comments