KIOထိန်းချုပ်နယ်မြေ မူးယစ်ကင်းစင်ရေး ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်နေ
- Pajau Media

- May 6
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊မေလ၊၂၀၂၆။

KIO/KIAမှ မူးယစ်တိုက်ဖျက်ရေးကော်မတီနှင့် လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးကော်မတီများ ပူးပေါင်းကာ မူးယစ်ကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများ၊ မူးယစ်ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများစွာ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြထားသည်။
KIOထိန်းချုပ်နယ်မြေ အချို့နေရာများတွင် မူးယစ်ကင်းစင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေချိန် တစ်လအတွင်း မူးယစ်ရောင်းဝယ် လုပ်ကိုင်သူ (၈)ဦး၊ ရာမ(၁၆၄)လုံး၊ဘိန်းဖြူဆပ်ပြာ(၂)ခွက်နှင့် ရာမ (၂)ထုတ်တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဉရုဒေသ လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးကော်မတီများနှင့် ပူးပေါင်း၍လည်း ဂွေခါကျေးရွာ၊ ဂျန်မိုင်တောင်၊ ဆပေါ့မှော်ကျေးရွာ၊ ရေပြင်ကျေးရွာ စသည့်ဒေသများတွင် မူးယစ်တိုက်ဖျက်ခဲ့ရာ မူးယစ်ရောင်းဝယ်သူ (၇)ဦး၊ ရာမ(၁၇၇)လုံး၊ ဘိန်းဖြူခွက်သေး(၅)ခု၊ ရာမရှူပိုက်(၂၇)၊ ဘိန်းဖြူပိုက်(၃)၊ အခြားမူးယစ်ပစ္စည်းများနှင့် ပိုက်ဆံအနည်းငယ်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
အမှတ်၉တပ်မဟာဒေသတွင် ပြီးခဲ့သည့် ဧပြီ၂၅ရက် (Kachin Anti Drug Day)နေ့တွင်လည်း ရာမအထုတ်သေး(၆၇)၊ ဘိန်းဖြူအလုံး (၃)ဗူး၊ ဆပ်ပြာခွက်(၃)ဗူး၊ မက်သတုံး(၃)ဗူး၊ ဘိန်းspeed(၃)ဗူး၊ ဘိန်းမဲ၁ပိသာနှင့် အခြားမူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
KIO/KIAသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကိုလည်း အထူးဦးစားပေးလုပ်ဆောင်နေပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(Pat Jasan) များဖွဲ့ စီး၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။
သတင်း - ထုဆိုင်း




Comments