မြို့လယ်ခေါင်ရှိ ရွှေဆိုင် နေ့ခင်းဘက် ဓားမြ၀င်တိုက်ခံရ
- Pajau Media

- Sep 9, 2025
- 1 min read
ပါဂျောင်မီဒီယာ
၉ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
မြစ်ကြီးနားမြို့လယ်ခေါင် အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီရွှေဆိုင်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး သေနတ်ကိုင်ထားသည့် အမျိုးသားသုံးဦးက ဓားမြဝင်တိုက်သွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ထိုအမျိုးသားသုံးဦးမှာ ရွှေဆိုင်ထဲဝင်လာပြီး ဆိုင်ထဲရှိသူများကို သေနတ်နှင့်ချိန်ကာ ဆိုင်ထဲရှိသော လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများကို ဓားမြတိုက် ဝင်ယူသွားကြောင်း သိရသည်။
ရွှေဆန်းလီ ရွှေဆိုင်သည် စိန်ရွှေရတနာအရောင်းဆိုင်နှင့် အမိန့်ရအပေါင်ဆိုင် တစ်ဆိုင်ဖြစ်သည့်အတွက် ဓားမြတိုက်ခံရမှုဖြစ်စဥ်အတွက် ဆုံးရှုံးမှုကိုအသေးစိတ်မသိရှိရသေးပါ။
မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းရက်ပိုင်း ခိုးမှု၊ လုယက်မှု ၊ဓါးပြတိုက်မှုများ ဆက်တိုက်ဖြစ်နေကြောင်းသိရသည်။
မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏မြို့တော်ဖြစ်သည့်အပြင် စစ်ကောင်စီသည် မြစ်ကြီးနားမြို့တွင် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ကြိုးပမ်းနေပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးမှု၊ စစ်သားစုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုနေကြသည်။
သတင်း - ဖရိန်း
Video Credit to Owner




Comments