top of page

မချမ်းဘော့ဒေသ ထန်ဂါးသွားလမ်း လက်ရှိချိန်ထိ ပိတ်ပင်ထားဆဲ

  • Writer: Pajau Media
    Pajau Media
  • 6 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၅ရက်၊နိုဝင်ဘာ၊၂၀၂၅။


ree

ပူတာအိုဒေသ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး ထန်းဂါးကျေးရွာမှ ပူတာအိုအရှေ့ပိုင်း သွားလာရေးလမ်းကြော ပိတ်ပင်ထားသည်မှာ တစ်လကျော်လာပြီဖြစ်သော်လည်း ယနေ့ချိန်ထိ ပိတ်ပင်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


ထန်ဂါးကျေးရွာမှ ဒိန်ခက်ကျေးရွာအထိ သွားလာရေးလမ်းခရီးများကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ရက်နေ့၊ အဆိုပါဒေသ တိုက်ပွဲဖြစ်ပြီးနောက် ပိတ်ပင်ထားသည်မှာ လက်ရှိချိန်ထိဖြစ်သည်။ ထို့အပြင် ယင်းအချိန် ပူတာအိုဒေသ အကြောင်းးအမျိုးမျိုးကြောင့် ရောက်ရှိနေသူများလည်း လက်ရှိချိန်ထိ ပြန်၍မရသေးဘဲ သောင်တင်နေဆဲဖြစ်ကြောင်း သိရသည်။


“လမ်းမဖွင့်သေးလို့ အားလုံးက အရမ်းခက်ခဲနေကြပြီ။ စစ်ရေးလည်း ပိုပြီးတင်းမာလာနိုင်ခြေရှိတယ်။ ဒိန်ခက်ရွာဘက်ကနေ မြို့ကိုတက်တဲ့သူတွေထဲမှာ ကလေးနို့ဖြတ်ပြီးသွားတဲ့သူတွေ ပါတယ်။ ကျောင်းသားတွေလည်း ပါတယ်။ အခုက ပြန်လို့မရတော့ဘူး။ ဆက်သွယ်လို့လည်းမရ သောင်တင်နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ပူတာအိုအရှေ့ဘက် ဒိန်ခက်ကျေးရွာဘက်တွင် KIAပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေပြီး၊ ထန်ဂါးကျေးရွာဘက်တွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားနေကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးတင်းမာလာခြင်းကြောင့် ဒေသခံများမှာ တောတောင်ထဲ လုပ်ကိုင်ရှာဖွေရေးအတွက်လည်း ခက်ခဲလာကြောင်း ပြောသည်။


စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ပူတာအိုဒေသအတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်ဆောင်နေခြင်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page