top of page

မန်ခိန်ရပ်ကွက်တွင် လူငယ်တစ်ဦး သေနတ်ပစ်ခံရ

  • Writer: Pajau Media
    Pajau Media
  • Aug 23, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ ဩဂုတ်၊ ၂၀၂၅။


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ယမန်နေ့ည ၈နာရီခွဲအချိန်ခန့်က လူငယ်တစ်ဦး အမည်မသိ သေနတ်ပစ်ခတ်ခံခဲ့ရသောကြောင့် ပေါင်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယမန်နေ့ ည ၈နာရီခွဲအချိန့်တွင် မန်ခိန်ရပ်ကွက်မှ သားအဖရုပ်ထုအနီးတွင် လမ်းလျှောက်လာနေစဉ် အမည်မသိ လူအုပ်စုအဖွဲ့မှ သေနတ်ပစ်ခံခဲ့ရခြင်း ဖြစ်သည်။


“မနေ့ညက ကျနော်တို့ ရပ်ကွက်မှာ သူခိုး၊လုယက်မှုတွေ အရမ်းများလာလို့ ရပ်ကွက်လူကြီးတွေက အလှည့်ကျ လုံခြုံရေးယူဖို့ ဆွေးနွေးပြီး ပြန်လာတဲ့အချိန် သေနတ်ပစ်ခံရတာ။ တစ်ယောက်က သေနတ်ထိသွားလို့ ဆေးရုံတင်ထားရတယ်။ ပေါင်မှာ ထိသွားတာ။” ဟု ရပ်ကွက်နေတစ်ဦးက ပြောပြသည်။


မန်ခိန်ရပ်ကွက်တွင် ညစဉ် ခိုးဆိုးလုယက်မှုများ ဆိုးဆိုးရွားရွား ပိုမိုများပြားလာသောကြောင့် ရပ်ကွက်လူကြီးများမှ ရပ်ကွက်လုံခြုံရေးအတွက် လူငယ်နှင့်ဖခင် အမျိုးသားများ စုပေါင်းကာ အလှည့်ကျလုံခြုံရေးယူရန် ဆွေးနွေးအပြီး ပြန်လာချိန် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။


ဒေသခံများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရဘူးဟု ပြောသည်။


ထို့အပြင် မန်ခိန်ရပ်ကွက်အပြင် မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများမှာ မကြာခဏ ဖြစ်ပွားနေပြီး၊ ညဘက်အပြင် နေ့ခင်းဘက်အထိပါ သွားလာရေးအတွက် အထူးသတိထား သွားလာနေကြရကြောင်း သိရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page