top of page

မန္တလေး-မြစ်ကြီးနားကားလမ်းရှိ ဆီဘောက်ဆာကားများ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

  • Writer: Pajau Media
    Pajau Media
  • Dec 19, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၁၉ရက်၊ဒီဇင်ဘာ၊၂၀၂၅။



မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတွင် သွားလာနေသော ဆီဘောက်ဆာကားများကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်နေကြောင်း ကားသမားများ ပြောပြချက်အရ သိရသည်။


မန္တလေး-ရွှေဘို -မြစ်ကြီးနားလမ်းပိုင်းနှင့် ခင်ဦးမြို့သွား လမ်းဆုံနေရာတွင် စစ်တပ်က ဂျက်ဖိုက်တာနှင့် ဂျိုင်ရိုကော်ပတာ အသုံးပြုကာ ဆီဘောက်ဆာကားများကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် စစ်တပ်က မြစ်ကြီးနား-မန္တလေးသွားလမ်းရှိ ခရီးသည်တင်ယာဉ် ကားတန်းများကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ယာဥ်များပျက်စီးသည့်အပြင် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုလည်း ရှိနေကြောင်း သိရသည်။


ထို့သို့ စစ်တပ်မှ ဆီဘောက်ဆာကားများကို ဦးတည်ကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်လာသောကြောင့် ကချင်ပြည်နယ်တွင် ဆီပြန်လည်ပျက်လပ်လာမည်ကို ပြည်သူများစိုးရိမ်နေကြသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page