မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းထိုးနေပြီး တိုက်ပွဲပြင်းထန်နေ
- Pajau Media
- 7 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၉ရက်၊ သြဂုတ်၊ ၂၀၂၅။
မန္တလေး–မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကားသမားများပြောပြချက်အရ သိရသည်။
ကချင်ပြည်နယ် အင်းတော်ကြီးဒေသနှင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းရှိ ကျေးရွာများတွင် စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ် အင်အား ၄၀၀ ကျော်နှင့် စစ်ကြောင်းထိုးနေပြီး ဗျူဟာလမ်းပိုင်းကို စစ်ကောင်စီက ထိန်းချုပ်ရန် ကြိုးစားလာခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေပြီး အရေးပေါ်အခြေနေဖြစ်နေသောကြောင့် မန္တလေး–မြစ်ကြီးနားဗျူဟာလမ်းနှင့် ကွင်းလမ်း အားလုံးပိတ်နေသည်ဟု ဆိုသည်။
တစ်ဖက်မှာလည်း တိုက်ပွဲအကြား စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ကားသမားနှင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှု ရှိနေကြောင်း သိရသည်။
ထို့ကြောင့် မန္တလေး–မြစ်ကြီးနားသွား ဗျူဟာလမ်းအပြင် ပေကြီးရွာကွင်းလမ်းကို အသုံးပြုသွားလာရာတွင်လည်း အချိန်မရွေးလမ်းကြောင်းပိတ်သည့် အခြေအနေ ကြုံတွေ့နိုင်ကြောင်း သိရသည်။
သတင်း - ဖရိန်း
Comments