ရွှေကူ K-PDF တပ်ရင်းမှ စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲတွင် မိဘပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် သတိပေးနိုးဆော်
- Pajau Media

- Dec 4, 2025
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ ဒီဇင်ဘာ၊ ၂၀၂၅။

စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ရွှေးကောက်ပွဲတွင် မိဘပြည်သူများအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် ရွှေကူ K-PDF တပ်ရင်း၊ အမှတ် (၁၂) တပ်ရင်းဌာနချုပ်၊ အမှတ် (၁၁) တပ်မဟာ၊ ကချင်လွတ်လပ်ရေးတပ်မတော်မှ သတိပေးနိုးဆော်ထားသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် စစ်ကောင်စီ၏ရွှေးကောက်ပွဲကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿာနာများအပေါ် K-PDF တပ်ဘက်မှ တစ်စုံတစ်ရာ တာဝန်ယူမည်မဟုတ်ကြောင်း သတိပေးထားသည်။
စစ်ကောင်စီ၏ ရွှေးကောက်ပွဲ ကိစ္စရပ်များနှင့်ပတ်သတ်၍ နောက်ဆက်တွဲဖြစ်ပေါ်လာသော ကိစ္စများကို မိမိတို့ မသိရှိ ၊ နားမလည်ဟူသော အကြောင်းအရာများအား လက်ခံစဥ်းစားပေးမည်မဟုတ်ကြောင်းနှင့် ထိရောက်စွာတာဝန်ယူမည်ဖြစ်ကြောင်း သတိပေးထားသည်။
စစ်ကောင်စီတပ်များသည် ရွှေးကောက်ပွဲပြုလုပ်ကျင်းပနိုင်ရန်အတွက် ကချင်ပြည်နယ်တွင်သာမက နိုင်ငံတစ်ဝန်းတွင် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments